ကလေးမြို့တွင် လက်ဖက်ရည်သွားသောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဗိုလ်ကြီးဟောင်း ငွေဇင် မသာ အသုဘ ယနေ့ ချမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် လက်ဖက်ရည်သွားသောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဗိုလ်ကြီးဟောင်း ငွေဇင် မသာ အသုဘ ယနေ့ ချမည်ဖြစ် ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ကလေးမြို့ပေါ် ၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် လက်ဖက်ရည်လာသောက်သည့် စစ်မှု ထမ်းဟောင်း ဗိုလ်ကြီးဟောင်း ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း၊ ဗိုလ်ကြီးဟောင်း ငွေဇင်သည် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ကြောင်း ၊ အသက် ၅၃ နှစ်အရွယ်ရှိပြီး ၎င်းထံမှ သေနတ် ၁ လက်၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းများ၊ ကား ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။
ဗိုလ်ကြီးဟောင်း ငွေဇင်သည် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ တွင် စစ်တပ်က သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနသို့ ဦးစီးအရာရှိ အဖြစ် ပြောင်းရွှေ့စေခဲ့သော စစ်တပ် အရာရှိ ၁၀ ဦးအနက်မှ ၁ ဦးအပါ အဝင် ဖြစ်သည်။
“သူက ဦးစီးအရာရှိ အဖြစ် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို မိုးကျရွှေကိုယ်ထဲမှာပါတယ်။ ဒီနေ့ အသုဘချမယ်လို့သိရတယ်။ ကလေးမြို့မှာပဲ ချမယ်လို့ ကြားရပါတယ်” ဟု ဝန်ထမ်းအသိုင်းအ၀ိုင်းမှ သတင်းရင်းမြစ်က ပြောသည်။