အညာမှာ စစ်တပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ်စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားပေမယ့် စစ်အာဏာရှင် တော်လှန်ရေးအတွက် လက်နက် ဝယ်ဖို့ ငွေနဲ့ လက်ဝတ်ရတနာတွေ ပြည်သူတွေက ချွတ်လှူနေကြ
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅
အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ ၊ နေအိမ်မီးရှို့မှုတွေကြောင့် အညာဒေသဖြစ်တဲ့ မကွေးတိုင်းမှာ ပြည်သူတွေဟာ နေအိမ် စည်းစိမ် ဥစ္စာတွေ ဆုံးရှုံးနေကြရပါတယ်။
ဒါပေမယ့် အညာမှာ စစ်တပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ်စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားပေမယ့် စစ်အာဏာရှင် တော်လှန်ရေး လက်နက် ဝယ်ဖို့ ငွေနဲ့ လက်ဝတ်ရတနာတွေချွတ်လှူနေကြပါတယ်။
မကွေးတိုင်း၊မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့အားမန်တပ်ဖွဲ့နဲ့ ဗိုလ်မိုးကြိုး (GOBA) တပ်ဖွဲ့တို့အတွက် ရိုင်ဖယ် မောင်းပြန် သေနတ် တစ်လက် ဝယ်ယူဖို့ ပြည်သူတွေက ရွှေဆွဲ ၁ ကုံး၊ နား ကပ်၂ ရံ နဲ့ ငွေကျပ် သိန်း ၁၈၀ ကျပ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ လှူပေးခဲ့ကြပါတယ်။


