ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် အိမ်ထောင်စု ၈၂ စုကို ဗကသ ကျောင်းသားများက ငွေကျပ် ၁၆ သိန်းကျော် ထောက်ပံ့ လှူတန်း
ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၅
ယင်းမာပင်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ တစ်ရွာမှ အိမ်ထောင်စု ၈၂ စုကို ဗကသ ကျောင်းသားများက တစ်အိမ်ထောင်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် တစ်ဆယ့်ခြောက်သိန်း လေးသောင်းကျပ် တိတိ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့မှုကို ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နှင့် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



