တနင်္သာရီရှိ NUG ထိန်းချုပ် နယ်မြေအတွင်း PDF တပ်ဖွဲ့များက ဒေသခံ ပြည်သူများကို လေကြောင်း အန္တရာယ် ကာကွယ်ရေး ဟောပြောပွဲများ ဆက်တိုက်ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
တနင်္သာရီမြို့နယ်ရှိ NUG အစိုးရ ထိန်းချုပ်နယ်မြေအတွင်း မြိတ်ခရိုင် တပ်ရင်း ၂ မှ ဒေသခံပြည်သူများအား အကြမ်းဖက် စစ်တပ်၏ လေကြောင်းအန္တရာယ် ကာကွယ်ရေးနှင့် ပြည်သူများအား ဗုံးခိုကျင်းများပြုလုပ်ကြရန် အသိပညာပေး ဟောပြောပွဲများ ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။



