ဝက်လက်၊ ထုံးဘိုကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၁ လုံးထိမှန်ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးထိမှန် ပျက်စီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် စဥ့်ကူးမြို့နယ် ခက်သင်ရွာနှင့် ဆယ်ပင်ကျွန်းရွာအကြားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
” စဥ့်ကူးနယ် သက်သင်ရွာနဲ့ ဆယ်ပင်ကျွန်းရွာ အကြားမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ဝက်လက်နယ် ထုံးဘိုကုန်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူပိုင်နေအိမ် ၁ လုံးထိမှန်ပြီး မီးလောင်သွားတယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


