ယင်းမာပင်မြို့နယ်ရှိ စစ်တပ် မီးရှို့ ဖျက်ဆီးခဲ့သော ကျေးရွာများမှ ပြည်သူများကို မီးဖိုချောင်သုံး ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ လှူတန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးခဲ့သော ကျေးရွာများမှ ပြည်သူများကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ပြည်သူမှ ပြည်သူသို့ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ မီးဖိုချောင်သုံး ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ လှူတန်းခဲ့ကြောင်း သိရသည်။



