ဖားကန့်တွင် KIA၊ PDF၊ NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ဖားကန့်မြို့တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ KIA၊ PDF၊ NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲတွင် KIA၊ PDF တိုက်ပွဲတိုင်း နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ တရားမဝင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ၊ လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ၊ ဖက်ဆစ် စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ စသည့်ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


