မြင်းခြံ၊ လေးရွာဆုံရွာ ပျူစောထီး ခေါင်းဆောင် ဝင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး၊ ဝက်လက်တွင် စစ်တပ်နှင့်ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ပျူစောထီး ခေါင်းဆောင် ဝင်းစိုး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Natogyi Regional Defense Force-NRDF အဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းစိုး၏ ယာခင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။
သေဆုံးသူ ဝင်းစိုးသည် သားဖြစ်သူ ဗိုလ်ကြီး အရှိန်အဝါဖြင့် စစ်တပ်ကို ခေါ်ကာ ကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်သူဖြစ်ကြောင်း၊ ဝင်းစိုးထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဂျင်ကလိများနှင့် လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြိုနယ်၊ ဟန်လင်းကျေးရွာရှိ စစ်တပ်နှင့်ပျူစောထီးများ များကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၂၀ရက်) ည ၈နာရီကျော်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ဆင်ရေးရဲဘော်များ ထိခိုက်မှုမရှိဘဲ စစ်အုပ်စု ၏ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ဖေဖော်ဝါရီ ၁ရက်က တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်စုမှူး ပိုင်လေး ၊ ရဲဘော်ခန့်သီဟ ၊ ရဲဘော်ဝင်းစိုး တိုအတွက် လက်တုံပြန်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း BLACK WOLF – PDFမှာ တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။
ဓာတ်ပုံ- မြင်းခြံလေးရွာဆုံရွာ ပျူစောထီး ခေါင်းဆောင် ဝင်းစိုး သေဆုံးပြီး လက်ပစ်ဗုံးနှင့်လေးခွများ သိမ်းဆည်းရမိစဉ်။