ကော့သောင်း ၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင် ၁၀၀ ကျော် တိမ်းရှောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ထိုင်း – မြန်မာနယ်စပ်က ရှမ်းကိုးရွာဒေသ မှာ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့အကြား မနေ့ကစလို့ တိုက်ပွဲဖြစ်ပေါ်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော် အထိ ထိုင်းဘက်ရောက်ရှိနေတယ်လို့ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ကော့သောင်းမြို့နယ်၊ ရှမ်းကိုးရွာဒေသ၊ ဝိုင်ဒင်း ကျေးရွာတိုက်ပွဲကြောင့် ထိုင်း ဘက် ကို စစ်ရှောင်သွားကြသူတွေဟာ အခုလ ၁၃ ရက်နေ့ စစ်ရေးတင်း မာလာ ချိန်က စတင်ပြီး ထိုင်းဘက်ကို စစ်ရှောင်သွားကြပါတယ်။
စစ်ရှောင်တွေကို ထိုင်းနိုင်ငံ၊ သပခရာနယ်မြေမှာ လူ ၆၀ နဲ့ သဝေထောင် နယ် မြေ မှာ လူ ၅၀ စီ ရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ ပေး ဖို့ အသင့်ဖြစ်နေပြီလို့ ရနောင်းပြည်နယ် အုပ်ချုပ်ရေး တာဝန်ရှိ သူတွေက ကြေညာထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့ရဲ့ တိုက်ပွဲ အခြေအနေနဲ့ နှစ်ဖက်အကျအဆုံးကို အခုအချိန်ထိမသိရသေးဘဲ ဒီနေ့မှာတော့ တိုက် ပွဲ ခေတ္တငြိမ်သက်နေတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။