ယင်းမာပင်၊ ဘန့်ဘွေးရွာမမှ စစ်စခန်းမှ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ဒီပဲယင်းမြို့ပေါ်ရှိ ခလရ ၄ တပ်ကို လက်လုပ် ဒုံးဖြင့် တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ စစ်စခန်းမှ ထွက်လာသည့် စစ်ကြောင်းကို PDF တပ်ပေါင်းစုများက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း MRDA ယင်းမာ ပင်တပ်ခွဲ (Double K) မှ ပြန်ကြားရေးတာဝန်ခံ နဂါးလေးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွင် ဘွန့်ဘွေးရွာမမှ ထွက်လာသည့် ပျူစောထီးနှင့် စစ်သား ပါဝင်သော စစ် ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကြောင်း သိရှိရသည်။
“ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မနက်ပိုင်း အမိန့်ပြန် အသုဘချတဲ့ အသံတွေ ဘန့်ဘွေးရွာမမှာ ကြားရတယ်လို့ ဒေသပြည်သူတွေက သတင်းပို့တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး ” ဟု MRDA ယင်းမာပင်တပ်ခွဲ (Double K)မှ ပြန်ကြားရေးတာဝန်ခံ နဂါးလေ
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်တပ်က B2 fighter အဖွဲ့ စခန်း အပါအဝင် လူနေအိမ် စစ်ရှောင် စခန်း မှ နေအိမ် ၁၅ လုံးကို စစ်ကြောင်းထိုး မီးထပ်ရှို့သွားကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးကို MRDA ယင်းမာပင်တပ်ခွဲ (Double K)၊ Golden Triangle Force’s ၊ B2 Fighter
Fighter 1 အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက ပါဝင် တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ခလရ ၄ တပ်ဝင်းကို လက်လုပ်ု ဒုံးကျည်ဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ တပ်ဝင်းအတွင်း တစ်လုံးကျရောက်ပေါက်ကွဲပြီး စစ်သားများ ထိခိုက်မှု ရှိနိုင်ကြောင်း Northern Tigers Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းက ဒီပဲယင်းမြို့တွင် အထိုင်ချတပ်စခန်းတစ်ခုဖြစ်သော တပ်မ ၃၃ လက် အောက်ခံ ခမရ ၄ တပ်အားSagaing Supporting Team မှ ကူညီထောက်ပံ့ပေးသော လက် လုပ် ရော့ခ်ကတ်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်စခန်းဝင်းအတွင်းသို့ တစ်လုံးကျရောက်ပေါက် ခဲ့ကြောင်း သိရသည်။
“ တစ်လုံးကတော့ အထိုင်ချ တပ်စခန်းထဲကို တည့်တည့်ကျတယ်။ ကျန်နှစ်လုံးကတော့ မသိရသေးဘူး။ ပျူစောထီးတွေက သင်တန်းဆင်းပြီး မပြန် သေးဘဲ မြို့ပေါ်မှာ နေနေတာ။ ပစ်ခတ်မှုကြောင့် ပျူစောထီး ခေါင်း ဆောင် ထိခိုက်ဒဏ်တယ်လို့ သတင်းရထားတယ်၊ စစ်ခွေးတွေ လည်း ထိခိုက်တာရှိတယ်လို့ သ တင်း ရပေမယ့် အတိအကျ မသိရသေးတာ” ဟု Northern Tigers Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို Northern Tigers Group (NTG) ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၀ တပ်ခွဲ ၃ တို့ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

