မြိုင်မြို့နယ်ရှိ ဒေသခံ ပြည်သူများက ဂဠုန်ပြောက်ကျား တပ်ဖွဲ့ လက်နက် တပ်ဆင်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၀ ကျော်လှူတန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မြိုင်မြို့နယ်ရှိ ကျေးရွာ တစ်ရွာမှ ဒေသခံ ပြည်သူများက ဂဠုန်ပြောက်ကျားတပ်ဖွဲ့ လက်နက် တပ်ဆင်ရန် ဆိုင်ကယ် ၁ စီး၊ နားကွင်း ၁ ခု၊ နားရမ်း ၁ ခု၊ ရွှေကလစ် ၁ ခုနှင့် ငွေကျပ် သိန်း ၁၀၀ ကျော် လှူတန်းခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ ရိက္ခာအတွက် ဆန်အိတ် ၂ အိတ်လည်း လှူတန်းခဲ့ကြောင်း ဂဠုန်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။



