မြိုင်မြို့နယ်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မြိုင်မြို့နယ်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အခြေခံ ပညာကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲကို မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) နှင့် ဒေသခံလူထုပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။