မြင်းမူမြို့နယ်၊ ကန်တော်ရွာကို စစ်တပ်က ယခု ညပိုင်း မီးတင်ရှို့နေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းအထိ မီးတင်ရှို့နေကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ကန်တော်ရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး လက်ရှိ ညပိုင်းချိန်အထိ မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း သိရသည်။
” အခုချိန်ထိတော့ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့သတင်းမရသေးဘူး။ စစ်ကြောင်း မလာခင်တည်းက ပြည်သူတွေက စစ်ကြောင်းရောက်လာနိုင်တာမို့ ကြိုတင်ရှောင်ထားတယ်လို့ သိရတယ်” ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။