37 C
Yangon

ဒီးမော့ဆို နှင့် မင်းကင်းမြို့နယ်တွင် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

ဒီးမော့ဆို နှင့် မင်းကင်းမြို့နယ်တွင် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တို့တွင် စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တပ်များထံမှ သိရ သည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာတွင်တပ်စွဲထားသော အကြမ်း ဖက်စစ်သားများ ကင်း ပတ်ထွက်လာစဉ် KRU တပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ခဲ့ရာ စစ် သား ၆ ဦးသေဆုံးခဲ့ကြောင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု(KRU)ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) ၏ လှုပ်ရှားစစ်နယ်မြေအတွင်း ကင်းပတ်ရန်ထွက်လာစဉ် တိုက်ပွဲဖြစ်ပြီး ညနေ ၆ နာရီအထိ တိုက်ပွဲ ကြာမြင့်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အကြမ်းဖက်စစ်သား များကိုင်ဆောင်အသုံး ပြုသော MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပုထိုးလုံးရွာအတွင်း ပြည်သူပိုင်ပစ္စည်းများကို ဝင်ရောက်ခိုးယူသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မင်းကင်း မြို့နယ် အမှတ် ၁၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၅ နာရီခွဲခန့်က အင်အား ၇၀ ခန့်ဖြင့် ပုထိုးလုံးရွာထဲသို့ ဝင်ရောက် လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ လက်နက်ကြီး ၅ လုံး၊ Sniper ၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိမှန်လဲကျခဲ့ပြီး နေ့ လည် ၁၁ နာရီခန့်တွင် မင်းကင်းမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ပြည်သူတွေရဲ့ အိမ်တွေထဲကနေ လိုချင်တာတွေ အကုန်သယ်သွားကြတာ၊ ဘာတွေ ဘယ်လောက်ပါ သွားလဲဆိုတာ အတိအကျမသိရသေးဘူး၊ မင်းကင်းမြို့ပေါ်မှာလဲ စစ်ခွေးတွေနဲ့ ပျူတွေ စစ်ကြောင်းပြင် ပြီး တက်လာနေပြီ”ဟု မင်းကင်း မြို့နယ် အမှတ် ၁၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

မင်းကင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်း ၃ ကြောင်းခွဲကာ နေရာယူ ထားပြီး ချင်းတွင်းမြစ်အတွင်း ပုထိုးလုံးရွာနှင့် အနီးတဝိုက်အား မိဘပြည်သူများအနေဖြင့် သွားလာ ခြင်းမပြုကြရန် မင်းကင်းမြို့နယ်အမှတ် ၁၁ တပ်ရင်းက သတိပေးထားသည်။

ဓာတ်ပုံ- KRU တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article