28 C
Yangon

ထန်တလန်မြို့တွင်စစ်တပ် ထောက်ပို့ ရဟတ်ယာဉ် ၂ စီး ထိခိုက်ပျက်စီး အောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးကာ ၆ ဦး အရှင်ဖမ်းမိ

Must read

ထန်တလန်မြို့တွင်စစ်တပ် ထောက်ပို့ ရဟတ်ယာဉ် ၂ စီး ထိခိုက်ပျက်စီး အောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးကာ ၆ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ချင်းပြည်နယ်၊ ထန်းတလန်မြို့အတွင်းရှိ အကြမ်းဖက်စစ်သားများကို Tilim Operation အဖြစ် ရက်ပေါင်း ၆၀ တိုက်ခိုက်ခဲ့ရာ စစ်တပ် ထောက်ပို့ ရဟတ် ယာဉ် ၂ စီး ထိခိုက်ပျက်စီးအောင် တိုက် ခိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ဦး သေ ဆုံးခဲ့ကြောင်း CDF – ထန်တလန်တပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်)နေ့တွင် ထန်တလန်မြို့သို့ လာရောက်သည့် အကြမ်းဖက်စစ်တပ် ထောက်ပို့ရဟတ်ယာဉ် တစ်စီး၏ အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးအောင် ဒုတိယအကြိမ်မြောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အလား တူ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သား များ အတွက် ထန်တလန်မြို့ကို ထောက်ပို့ပေးရန်လာသည့် Mi 17 ရဟတ်ယာဉ် တစ်စီး၏ အစိတ်အပိုင်း အချို့ကို ထိခိုက်ပျက်စီးအောင် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

ရက်ပေါင်း ၆၀ Tilim Operation ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ည ၁၀ နာရီအချိန်တွင် စတင်ခဲ့ပြီး Chinland Defence Force- Thantlang နှင့် Chin National Army တို့ပူးပေါင်း ဖော်ဆောင် ခဲ့ရာ ယနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ အတွင်း အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံး ကာ ၂၅ ဦးနှင့်အထက်ဒဏ်ရာရရှိခဲ့ပြီး CDF – Htantlang တပ်ဖွဲ့မှ ရဲဘော် ၄ ဦး၊ CAN မှ ရဲဘော် ၂ ဦး တိုင်း ပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့က ထန်းတလန်မြို့တွင် အကြမ်းဖက်စစ်သား၊ ရဲများ နေရာ ယူထားရာ ရဲစခန်း အတွင်းရှိ နေအိမ် ၅ လုံးကိုလည်းကောင်း၊ ဇန်နဝါရီ လ ၂ ရက်နေ့တွင် အဆိုပါ ရဲစခန်းအတွင်းရှိ နေအိမ် ၂ လုံးကိုလည်းကောင်း၊ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အကြမ်းဖက်စစ်သား၊ ရဲများ နေရာယူ ထား သည့် CB Bank အ တွင်းမှ အကြမ်းဖက်စစ်သား၊ ရဲ ၆ ဦးကို ဖမ်းဆီးနိုင် ခဲ့ပြီး သေနတ် ၈ လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၈ ရက်၊ ၉ ရက်နေ့တို့တွင် အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် အလက် ၄၀ ကျော် သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရ သည်။

ရက်ပေါင်း ၆၀ Tilim Operation ကာလအတွင်း အကြမ်းဖက်စစ်တပ်မှ တိုက် လေယာဉ်၊ ရဟတ်ယာဉ် ဖြင့်တိုက်ခိုက်မှုပေါင်း ၉၅ ကြိမ်ရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ လက်နက်ခဲယမ်းအမြောက်အများဖြင့် စစ် သား အင်အားအလွန် အကျွံအသုံးပြုကာ ထန်တလန်မြို့ကို တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက် လက် ပြင်းထန်လာနိုင်ပြီး မိဘပြည်သူများ အနေဖြင့် သတိဖြင့် သွားလာ နေထိုင်ကြရန် CDF – Htantlang တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၆ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article