35 C
Yangon

CDM ဆင်ကလေးများ၏ စားဝတ်နေရေး နှင့် ကျန်းမာရေးအခက်အခဲများ ဖြေရှင်းနိုင်ရေး “တော်လှန်တပ်သားမိုမိုလေးများ” Campaign ပြုလုပ်ပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်

Must read

CDM ဆင်ကလေးများ၏ စားဝတ်နေရေး နှင့် ကျန်းမာရေးအခက်အခဲများ ဖြေရှင်းနိုင်ရေး “တော်လှန်တပ်သားမိုမိုလေးများ” Campaign ပြုလုပ်ပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

အကြမ်းဖက် စစ်အာဏာသိမ်းသည့်နေ့မှ စ၍ အကြမ်းမဖက်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများနှင့်အတူ ပြည်သူ့ဆင်လေးများလည်း ပါဝင်ခဲ့ကြပြီး ဆင်ဝန်ထမ်း CDMများနှင့် CDM ဆင်ကလေးများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် “တော်လှန်တပ်သားမိုမိုလေးများ” Campaign ကို ပြုလုပ်မည် ဖြစ်ပြီး မိဘပြည်သူများပါဝင်လှူဒါန်းနိုင်မည် ဖြစ်သည်။

ကာလရှည်ကြာလာသည်နှင့်အမျှ ဆင်ဝန်ထမ်း CDMများနှင့် CDM ဆင်ကလေးများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ပိုမိုများပြားစွာ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အဆိုပါ Campaign ကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ Campaign မှ ရရှိသည့် ရန်ပုံငွေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆင်ဝန်ထမ်း CDM များနှင့် CDM ဆင်ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသုံးပြုသွားမှာဖြစ်သည်။

“တော်လှန်တပ်သား မိုမိုလေးများ – Elephants in Revolution ” Campaign တွင် လူနဲ့ ဆင် ပေါင်းစပ် ဖန်တီးထားသည့် ပန်းချီကား၊ Elephant Ring, Elephant Bangle, Elephant Porcelain တို့ကို ကံစမ်းမဲများဖောက်ပေးသွားမည် ဖြစ်သည်။

မဲလက်မှတ်များကို ဝယ်ယူလိုသည့် နိုင်ငံ၊ ငွေကြေး (currency) အလိုက် သတ်မှတ်ထားသော ဈေးနှုန်းများမှာ Digital Myanmar Kyat (DMMK), MMK ဆိုပါက တစ်စောင် ၁၅၀၀၀ ကျပ်၊ USD – 10, AUD – 10, CAD – 10, EURO – 10, NZD – 10, KRW – 10,000, JPY – 1000, MYR – 30, SGD – 10, THB – 200, TWD – 200 သတ်မှတ်ထားသည်။

ဝယ်ယူလိုပါက –

HAM_Collection

https://www.facebook.com/profile.php?id=100083366143606…

CDM Medical Network

Myanmar FR (MMK, DMMK)

m.me/cdmmn

တော်လှန်တပ်သား မိုမိုလေးများ

http://m.me/ElephantsinRevolution

အိုင်ယာလန်နိုင်ငံ (Euro, DMMK, MMK)

CRPH funding Ireland

https://www.facebook.com/crphfundingireland

ထိုင်းနိုင်ငံ

Lucas Elias ( THB, DMMK)

https://m.facebook.com/100083350487839/

ထိုင်း/ မလေးရှားနိုင်ငံ(THB, MYR)

နွေဦးထောက်ပို့&Support to Spring-mft/ehm

https://m.facebook.com/100085152217050/

စင်ကာပူနိုင်ငံ (SGD, DMMK)

ပြည်သူ့နွေဦး The Myanmar People’s Spring Singapore

https://www.facebook.com/TMPSfundraiser

အမေရိကန်နိုင်ငံ(USD)

SMS

https://www.facebook.com/SpringMyanmarSociety

ဩစတြေးလျနိုင်ငံ (AUD)

Sydney Friends for Myanmar Unity https://www.facebook.com/SydneyFriendsforMyanmarUnity

ကနေဒါနိုင်ငံ (CAD)

2022 Bottle Depot အေကာက်ခွန် Canada https://m.facebook.com/100068763020156/

ထိုင်ဝမ်နိုင်ငံ (TWD, DMMK)

Taiwan Alliance for Myanmar https://www.facebook.com/TaiwanAllianceforMyanmar

ဂျပန်နိုင်ငံ (JPY, DMMK)

Together with Satomi

https://www.facebook.com/togetherwithsatomi

နယူးဇီလန်နိုင်ငံ (NZD)

Citizen of Burma Award – New Zealand (ပြည်သူ့ဂုဏ်ရည် နယူးဇီလန်) https://www.facebook.com/coba.newzealand?mibextid=ZbWKwL တို့ဖြစ်ကြသည်။

လက်မှတ် အစောင်ရေ ၃၀၀၀ ရောင်းချနိုင်ရန် မျှော်မှန်းထားပြီး လက်မှတ်အားလုံး ရောင်းချပြီးချိန်တွင် ကံထူးရှင်များကို ပြည်သူချစ် အနုပညာရှင်များက Live လွှင့်ကာ ရွေးချယ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article