31 C
Yangon

International IDEA ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Marcus Brand နှင့်တွေ့ဆုံမေးမြန်းခြင်း (နိဂုံး)

Must read

“ကျနော်တို့ဟာ CRPH ကို မြန်မာနိုင်ငံလွှတ်တော်ကိုယ်စားပြုတဲ့ တရားဝင်မှုရှိတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ သတ်မှတ်ပါတယ်။တခြားသော ကမ္ဘာ အရပ်ရပ်က ပါလီမန်တွေကလည်း CRPH ကို မြန်မာနိုင်ငံရဲ့ လွှတ်တော် အနေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိပါတယ်။”

International IDEA ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Marcus Brand နှင့်တွေ့ဆုံမေးမြန်းခြင်း (နိဂုံး)

By ရန်ကုန်ခေတ်သစ်

ဒီမိုကရေစီအစိုးရ လက်ထက်မှာ မဲဆန္ဒရှင်ပေါင်း ၂၇သန်းကျော် မဲပေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရား မဝင်ဘူးဆိုပြီး ပယ်ဖျက်ကာအာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ မကြာခင်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲ တွေနဲ့မတူဘဲ အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပမယ်လို့ ဆိုထားတာကြောင့် သူတို့အာဏာ တည်မြဲရေး အတွက်လုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲဟာ တရားဝင်သလား။ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု တဲ့စနစ် ဖြစ်နိုင်ပါ့မလား။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံဘဲ ငြင်းပယ်ခဲ့တာကို နိုင်ငံတကာ ကရော ဘယ်လိုနားလည် လက်ခံထားသလဲ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရှင်သန်ရေး အကူအညီပေးနေ တာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လွှတ်တော်ဖွံ့ဖြိုး‌ရေး အထောက်အကူပြုလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ကူညီပံ့ပိုး နေတဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ International IDEA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Marcus Brand နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article