30 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၀၃ က ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှုတွေ စစ်တိုက်ဖို့ ပုန်ကန် ငြင်းဆန်မှုတွေကြောင့်ဆိုပြီး ဖမ်းဆီး အရေးယူထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်ကနေ သိရပါတယ်။

– ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင်တန်းကျောင်းက ဒုတိယ ကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ အဲ့ဒီ့လို ပစ်ခတ်ခဲ့တဲ့ စစ်သည်ရဲ့ သတင်းအစအန မရတော့ဘဲ စစ်ကြောရေးမှာ သတ်ဖြတ်လိုက်ပြီလို့ ယူဆရ ကြောင်း စစ်တပ် သတင်း ရင်းမြစ်များတွေဆီကနေ သိရပါတယ်။

– မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၄ ၊ ဖောင်တော်ဦးရပ်ကွက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ငြိမ်းဇာနည်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စုပေါင်း ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article