40.9 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မန္တလေးမြို့ပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် စတင်မယ့် သတ်မှတ်အချိန် မနက် ၁၀ နာရီ မထိုးခင်မှာပဲ လမ်းမတွေပေါ်မှာ လူ၊ ကား၊ ဆိုင်ကယ် မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားတယ်လို့ မန္တလေးမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။

– ရန်ကုန်တိုင်း၊ တောင်ဒဂုံမှာ စစ်တပ်ထောက်ခံပွဲနဲ့ အာဏာသိမ်းမှု ၂ နှစ်ပြည့် ကြိုဆိုပွဲကို ရန်ကုန်မြို့ လယ်အထိ ချီတက်ဖို့အတွက် တောင်ဒဂုံ ယောက်ကော်ပန်းခြံရှေ့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် မစခင် မနက် ၉ နာရီဝန်းကျင် အချိန်ကတည်းက မိုက်ကယ် ကျော်မြင့် ဦးဆောင်တဲ့ မဘသနဲ့ အမျိုးသားရေး အစွန်းရောက်တွေကနေ လူစု နေတယ်လို့ သိရပါတယ်။

– အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်တဲ့အဖွဲ့နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့ ဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article