36 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

KNLA၊ KNDO နဲ့ PDF တပ်ဖွဲ့တွေကို ထိန်းပေးဖို့ဆိုပြီး အကြမ်းဖက် စစ်ကောင်စီက KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ်ဆီကို စာပေးပို့လိုက်လာခဲ့သလို အဲ့ဒီ့လို စာပေးပို့မှုဟာ KNU အတွင်း စည်းလုံး ညီညွတ်မှု ဖြိုခွဲဖို့ ဖြစ်ပြီး ၊ KNU အနေနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးကို တိုက်ပွဲဝင်ဖို့ ဗဟိုကော်မတီက နေ ဆုံးဖြတ် ပြီးဖြစ်တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သပြေတောရွာအနီးက ချင်းတွင်းမြစ်အတွင်း သောင်တင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုကနေ တိုက်ခိုက်သိမ်းပိုက် ရာမှာ စစ်ကောင်စီဘက်က အယောက် ၂၀ သေသွားတယ်လို့ သိရပါတယ်။

-စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာရှိတဲ့ ကျောက်ကုန်း – ရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့က အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတဲ့အချိန် ထွက်မပြေးဘဲ ကျေးရွာမှာ နေထိုင် ကျန်ရစ်ခဲ့တဲ့ ကြံ့ဖွတ်ပါတီရဲ့ ကျေးရွာ စည်းရုံးရေးမှူး မြင့်ဆွေ ဆိုသူကို စစ်ကောင်စီတပ်က ညှဉ်းပန်း နှိပ်စက် ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article