32 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို CNA-CDF က သိမ်းပိုက်ပြီးနောက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ CNA တပ်စခန်း Camp ကို ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကင်းတပ်ဆည်ထိပ်မှာရှိတဲ့ စိန်နားရွာ ပျူစောထီးစခန်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကနေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့အပြင် ၊ စစ်ကောင်စီဘက်က ၂ ဦးသေပြီး လက်နက် ၂ လက်ပါ ရရှိခဲ့တယ်လို့ PDFသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

-မကွေးတိုင်း၊ ငဖဲမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ရဲ့ အမှတ် ၁၄ ကာကွယ်ရေး ပစ္စည်း ထုတ် စက်ရုံ(ကပစ-၁၄) မှာရှိတဲ့ ယမ်းချက် စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ၁၀၇ မမရှော့ခ်တိုက်ဒုံး ၂ လုံး အပြင် RPG နဲပါ ပစ်ခတ်တိုက် ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article