28 C
Yangon

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာ ၆ ရွာ မှ ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ပြည်သူ ၅ ထောင်ကျော်ထွက်ပြေးနေရ

Must read

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာ ၆ ရွာ မှ ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ပြည်သူ ၅ ထောင်ကျော်ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ပြည်သူလူထုနေထိုင်ရာကျေးရွာများကို ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ် ခတ်နေသဖြင့် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ပြည်သူ ၅ ထောင် ကျော်ထွက်ပြေးတိမ်းရှောင်ရကြောင်း KNU ဗဟိုထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၅ နာရီခန့်တွင် ခမရ- ၃၅၁ နှင့် ခလရ-၆၀တပ်တို့မှ အင်အား ၆၀ ခန့်ဖြင့် ကေအဲန်ယူ-မူးမြို့နယ် မြင်သာယာကျေးရွာတွင်းသို့ စတင်ဝင်ရောက်ပြီး ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ မြင်သာကျေးရွာမှ ပြည်သူပိုင် ဆိုင်ကယ် ၅ စီး၊ ဆန် ၁၀ အိတ်ကို သိမ်းယူကာ ၎င်းတို့တပ်စွဲထားရာ ဘုန်းကြီးကျောင်းသို့ ယူ သွားကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်စစ်သားများစစ်ကြောင်းထိုးဝင်ရောက်လာ သဖြင့် မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် ညောင်ပင်ဆိမ်ကျေးရွာတို့မှ ပြည်သူ ၂၄၃၁ ဦးသည် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်တပ်စွဲပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်မ ဟာ (၃) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့တို့မှ ညနေ ၆ နာရီခွဲ ခန့်တွင် အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ည ၇ နာရီအထိကြာ မြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်မှ အနီးအနားရှိကျေးရွာများပေါ်သို့ ရည်ရွယ်ချက်ရှိရှိ လက် နက်ကြီး ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇီးခုံကျေးရွာ အသက် ၄၀ အရွယ် မဇင်မာဝင်းနှင့် အသက် ၁၅ နှစ် အရွယ် မရတနာဦးတို့ထိမှန် ဒဏ် ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့တင်ပို့ကုသထားရကြောင်း သိရ သည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက် ည ၈ နာရီ ၁၃ မိနစ်ကလည်း အကြမ်းဖက်စစ်တပ် ခလရ ၆၀ တပ်မှ လပတ်ကျေးရွာအ တွင်းတပ်စွဲကာ မရမ်းစိမ်လေးကျေးရွာအတွင်းသို့ ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် နော်မူမူ၊ အသက် ၅ နှစ်အရွယ် နော်ဖောညီအမနှစ်ဦးနှင့် အသက် ၆၅ နှစ်အရွယ် နော်လယ်ဝါးတို့ ထိခိုက်ဒဏ်ရာရရှိပြီး လယ်ဒိုမြို့ရှိဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း၊ လက် နက်ကြီးထိမှန်မှုကြောင့် ဝက်တစ်ကောင်လည်းသေဆုံးပြီး ကျေးရွာနေပြည်သူ ၁၉၀၈ ဦး ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် ခလရ ၆၀ တပ်မှ ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကျွန်းကုန်း ကျေးရွာရှိ တီးမောင်တိုးဒီ၏တဲ၊ နောင်ကုန်းကျေးရွာရှိ စောမဲရှူး၊ ကိုကျော်ကျော်၊ စောပါးသာ၊ နော်ဝါး ဝါး၊ စောနေကော်တို့၏တဲနှင့် ရန်မျိုးအောင်ကျေးရွာရှိ မောင်အေးလွင်နှင့် ဖီးမကြက်တို့၏ တဲများ နှင့် ရန်မျိုးအောင်ကျေးရွာရှိ စောတာဝါး၊ တီးဆာ ကပေါ်ထူးနှင့် ဖီးနော်ပဲပယ်တို့၏ နေအိမ်များ ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article