37 C
Yangon

KNU တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများကို စစ်လေယာဉ်များ ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းများ အပါအဝင် လူနေအိမ်များ၊ တန်ဖိုးရှိ ပစ္စည်းများ အများအပြား မီးလောင်ပြာကျ

Must read

KNU တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများကို စစ်လေယာဉ်များ ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းများ အပါအဝင် လူနေအိမ်များ၊ တန်ဖိုးရှိ ပစ္စည်းများ အများအပြား မီးလောင်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က ၂ ရက်ဆက်တိုက် စစ်လေယာဉ် ၆ စင်းဖြင့် ဗုံးကျဲမှု စာသင်ကျောင်းများ အပါအဝင် လူနေအိမ် အများအပြား မီးလောင်ပြာကျသွားခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၂ ရက်တာကာလ ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း ၊ ယင်းသို့ ဗုံးကျဲမှုကြောင့် စာသင်ကျောင်းနှင့် ပြည်သူများ၏ လူနေအိမ်အများအပြား ပျက်စီး မီးလောင် ပြာကျသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ပထမနေ့အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီ အချိန် အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၃ စင်းက KNU တပ်မဟာ ၅ နယ်မြေ၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး ၆ လုံး လာရောက် ကျဲချခဲ့သဖြင့် နေအိမ် ၆ လုံး ထိမှန် မီးလောင် ပြာကျပျက်စီးသွားကြောင်း သိရှိရသည်။

ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီလ‌ ၁၅ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၃ စင်းက KNU တပ်မဟာ ၅ နယ်မြေ လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု ၊ ထော့ထီးပယ်ကျေးရွာကို တိုက်လေယာဉ်တစ်စင်းလျှင် ဗုံးသီး ၂ လုံးနှုန်းဖြင့် စုစုပေါင်း ဗုံးသီး (၆)လုံး လာရောက်ကျဲချကြောင်း သိရှိရသည်။

ဒုတိယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် ထော့ထီးပယ်ကျေးရွာမှ အဆောက်အဦး ၇ လုံးပါရှိသည့် စာသင်ကျောင်း ဧရိယာတစ်ခုလုံး၊ နေအိမ် ၆ လုံး၊ ဈေးဆိုင် ၃ ဆိုင်နှင့် စပါးကျီ ၂ လုံးအားထိမှန်ကာ မီးလောင်ပြာကျသွားကြောင်း၊ လယ်ထွန်စက် ၄ စီး၊ ဆိုင်ကယ် ၂ စီး၊ ဆန်စက်၁ လုံးလည်း ထိခိုက်ပျက်စီးသွားပြီး စုစုပေါင်းကာလတန်ဖိုး ထိုင်းဘတ်ငွေ ၃ သန်းဖိုးကျော် ဆုံးရှုံးသွားခဲ့ကြောင်း KNU သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article