36 C
Yangon

Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် ဖျော်ရည် အပါအဝင် စားသောက်ကုန် များ ထုတ်လုပ် နေသည့် ဆွစ်ဇာလန် Nestle ကုမ္ပဏီက စစ် အာဏာသိမ်းမှု ကြောင့် မြန်မာ နိုင်ငံမှ လုပ်ငန်းများ ပိတ်သိမ်း ထွက်ခွာမည်

Must read

Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် ဖျော်ရည် အပါအဝင် စားသောက်ကုန် များ ထုတ်လုပ် နေသည့် ဆွစ်ဇာလန် Nestle ကုမ္ပဏီက စစ် အာဏာသိမ်းမှု ကြောင့် မြန်မာ နိုင်ငံမှ လုပ်ငန်းများ ပိတ်သိမ်း ထွက်ခွာမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံတွင် Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ မိုင်လို အာဟာရ ဖျော်ရ ည် အပါအဝင် စားသောက် ကုန်များ ထုတ်လုပ်နေသည့် ဆွစ်ဇာလန် Nestle ကုမ္ပဏီ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းပိတ် သိမ်းထွက် ခွာမည်ဖြစ်ကြောင်း AFP သတင်းအရ သိရှိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူများအပေါ် စစ်တပ်၏ လူ မဆန် သော ရက်စက်သတ်ဖြတ်မှုများကြောင့် ကြီးမားသော နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ကုမ္ပဏီများ ထွက်ခွာလျက်ရှိရာ ယခုနောက်ဆုံး စားသောက်ကုန် လုပ်ငန်း လုပ်ကိုင်နေသော ဆွစ်ဇာလန် စားသောက်ကုန် ကုမ္ပဏီကြီး Nestle က မြန်မာနိုင်ငံ တွင် ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ပြင်သစ် ရေနံကုမ္ပဏီကြီး Total နှင့် Chevron နှင့် နော်ဝေ တယ်လီကွန်းအော်ပရေတာ Telenor တို့ အပါအဝင် နိုင်ငံခြားကုမ္ပဏီ များက မြန်မာ နိုင်ငံမှ ဆက်တိုက် ထွက်ခွာနေကြခြင်းဖြစ်သည်။

လက်ရှိ စီးပွားရေးအခြေအနေကြောင့် ရန်ကုန်ရှိ ရုံးချုပ်နှင့် Nestle ၏ စက်ရုံ တို့ ၏ လုပ်ငန်းလည်ပတ်မှုအားလုံး ရပ်ဆိုင်းသွားမည်ဖြစ်သော်လည်း အချိန် အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

Nestle သည် မြန်မာနိုင်ငံတွင် Nescafe အသင့်စားကော်ဖီ၊ Maggi ခေါက်ဆွဲ နှင့် Milo ချောကလက် ဖျော်ရည် အပါအဝင် စားသောက်ကုန်များကို ထုတ် လုပ် ရောင်းချနေခြင်းဖြစ်ပြီး ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်မှ Nestle ထုတ် ကုန် များကိုသာ ဖြန့်ဖြူးရောင်းလိမ့်မည်ဟု ဆိုသည်။

Nestle ၏ စက်ရုံနှင့် ရန်ကုန်ရုံးချုပ်တွင် ဝန်ထမ်း ၁၃၈ ဦးရှိပြီး၎င်းတို့ မနစ်နာ စေရန် ဆောင်ရွက်ပေးမည်ဟု ကုမ္ပဏီက ဆက်ပြောသည်။

Nestle သည် ယမန်နှစ် ကမ္ဘာတစ်ဝန်း စားသောက်ကုန်ထုတ်လုပ်ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၉၅ ဘီလီယံခန့် ရရှိခဲ့သော ကမ္ဘာ့အကြီးဆုံး စားသောက် ကု န်ထုတ်လုပ်သည့် ကုမ္ပဏီကြီးများတွင် တစ်ခု အပါအဝင်ဖြစ်သည်။

ဓာတ်ပုံ- Nestle က ထုတ်လုပ်နေသော Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် ဖျော်ရည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article