31.9 C
Yangon

NUG ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည်ဖြစ်ပြီး PDF ရဲဘော်များ ဝင်ရောက် ဖြေဆိုကြမည်

Must read

NUG ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည်ဖြစ်ပြီး PDF ရဲဘော်များ ဝင်ရောက် ဖြေဆိုကြမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ တပ်ရင်းတပ်ဖွဲ့များရှိ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေ ဆိုမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဖြေဆိုမည့် ဒေသခံပြည်သူများနှင့် ရဲဘော်၊ ရဲမေများကို အောင်မြင်စွာဖြင့် ဖြေဆိုနိုင်ရန်အတွက် တောင်ပိုင်းစစ် ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ်များမှ ပူး ပေါင်း ပါဝင်ကာ ပံ့ပိုးကူညီနေကြောင်း သိရှိရသည်။

” ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့လို ရဲဘော်တွေအတွက် ပညာဆက်လက်သင်ယူနိုင်ခွင့် မဆုံးရှုံးစေဖို့ အခုလို အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့အတွက် NUG အစိုးရကို ကျေးဇူးအထူးပင်တင်ရှိပါတယ် ” ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆို မည့် PDF ရဲဘော် ၁ ဦးက ပြောကြားသည်။

NUG ပညာရေးဝန်ကြီးဌာနမှ ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး CDM လှုပ် ရှားမှုတွင် ပါဝင်ခဲ့သော ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်း သူများမှလည်း စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသည့် ဒေသခံပြည်သူများနှင့် ရဲ ဘော်၊ ရဲမေများကို တစ်နေ့လျှင် ၂ နာရီ နှုန်းဖြင့် စာသင်ကြားပေးနေကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ရဲဘော်များ၏ တော်လှန်ရေးကာလ အတွင်း ပညာသင်ယူခွင့်အခွင့်အလမ်းနှင့် ပညာသင်ယူရာတွင် No Discrimination – ခွဲခြားဆက်ဆံ ခံရမှု မရှိစေရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများအတွင်းရှိ ရဲဘော်များအား ဂရုတစိုက်စောင့်ကြည့်လျက်ရှိပြီး သင့်လျော်မှန်ကန်သော စီမံအုပ်ချုပ်မှုများနှင့် သက် ဆိုင် ရာ ဝန်ကြီး ဌာနများနှင့် ပူးပေါင်းကာ လူငယ်များ၏ ရသင့်ရထိုက်သော အခွင့်အရေးများအား တော်လှန်ရေး ကာလအတွင်း မဆုံးရှုံးစေရန်အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article