31 C
Yangon

NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် တရုတ်နိုင်ငံကို တိုက်တွန်း

Must read

NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် တရုတ်နိုင်ငံကို တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တိုင်းရင်းသားပေါင်းစုံပါဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများကို အာမခံချက် ပေးနိုင်၍ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ကျင်းပေသာ NUG အစိုးရ၏ ၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ရက်အတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အနေဖြင့် မြောက်ပိုင်း တွင် အခြေပြုသော တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ လာရောက်တွေ့ဆုံမှုကို သတင်းမီဒီယာတွေကတဆင့် ကြားသိခဲ့ရပါ တယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက် ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းထူ ထောင် နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိစစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်မှု မပေးနိုင် တာ သမိုင်းတလျှောက် အကြိမ်ကြိမ်အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက် အောက် မှာ တိုင်း ပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး။ လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး ပိုမိုစုံလင်တဲ့ စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့အစိုးရက သာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ အနေဖြင့်လည်း စစ်အုပ်စုရဲ့ အာဏာ သိမ်းမှုနဲ့ နေ့စဥ်နှင့်အမျှ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လက်ရှိ ကျနော် တို့ နိုင်ငံရဲ့ တိုင်းရင်း သားပြည်သူလူထုတွေ တွေ့ကြုံနေရတဲ့ အခက် အခဲ စိန်ခေါ်မှုတွေကို စာနာပြီး ရပ်တည်ပေးကြဖို့ ကျနော်တို့ မျှော်လင့်လျက် ရှိပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက‌ ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက် မင်းအောင်လှိုင် စစ်တပ်က ရက်စက်သော လူမဆန် သော သတ်ဖြတ်မှုများကို အစွမ်းကုန် ကျူးလွန်နေပြီး အကြောက်တရားဖြင့် ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း ၊ ပြည်သူလူထုနှင့်အတူ NUG အစိုးရကလည်း အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။

“မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကြောင့် သိန်းနှင့်ချီတဲ့ ပြည်သူလူထုတွေ မိမိ အိုး အိမ် ကို စွန့်ပြီး စစ်ပြေး ဒုက္ခ သည်အဖြစ် ရောက်နေကြရပါတယ်။ နေ့စဥ်နှင့် အမျှ အကြမ်းဖက်စစ်အုပ်စုမှ အပြစ်မဲ့ ပြည်သူတွေကို လူမဆန်စွာ သတ်ဖြတ် နေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်ဆန်မှုကို ကမ်းကုန်အောင် ကျူးလွန်နေကြ ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ် လို့ ရမယ်လို့ ထင်နေပါတယ်။ လက်တွေ့အမှန်က လူထု တရပ် လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီ ဖြစ်ပါတယ်။ စစ်အုပ်စုကို လက်လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ပွဲဝင်ဖို့ အားလုံးက ဒီနေ့အထိ စိတ် ဆန္ဒပြင်းပြ နေကြဆဲဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို သည်။

ယာယီသမ္မတက စစ်အာဏာရှင် တော်လှန်ရေး အရှိန်မြှင့်တင်သွားရန် လိုအပ် ကြောင်း ယနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ထပ်မံ တိုက်တွန်း ပြောဆို ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article