30 C
Yangon

NUG အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး AAC မဟာမိတ် အဖွဲ့၊ LPN Foundation တို့နှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆွေးနွေး

Must read

NUG အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး AAC မဟာမိတ် အဖွဲ့၊ LPN Foundation တို့နှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ဦးဆောင်သော ဝန်ကြီးဌာနတာဝန်ရှိသူများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိ ပြီး AAC မဟာမိတ် အဖွဲ့၊ LPN Foundation တို့နှင့်တွေ့ဆုံပြီး မြန်မာအလုပ်သမားများကို အားပေးစကားပြောကြားခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။

“ဒုဝန်ကြီးက AAC မဟာမိတ်အဖွဲ့ရုံးခန်းကို လာရောက်တယ်။ နောက်တစ်ခါ MOU နဲ့ လာရောက်ပြီး ဒုက္ခရောက်နေလို့ AAC ရုံးခန်းမှာ ခိုလှုံနေတဲ့ မြန်မာအလုပ်သမားတွေကိုလည်း အားပေးစကားပြောတယ်။ နောက်တစ်ခါ အလုပ် သမား အရေးဆောင်ရွက်နေတဲ့ LPN Foundation တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပါတယ်။ ဘန်ကောက်မြို့ကို ရောက်ရှိ တွေ့ဆုံတာဖြစ်ပါတယ်” ဟု AAC မဟာမိတ်အဖွဲ့မှ ဦးဆောင်သူ ကိုရဲမင်းက ရှင်းပြသည်။

ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့နှင့် NUG အလုပ်သမားဝန် ကြီးဌာန အကြား ယခင်ကတည်းက ပူးပေါင်း ဆောင်ရွက်မှုများဖြင့် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ အရေးဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင်လည်း ထပ်မံ၍ တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ဦး ဆောင်သော ဝန်ကြီးဌာနတာဝန်ရှိသူများက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အရေးကိစ္စများအတွက် အဓိက တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article