28 C
Yangon

ကနီမြို့ပေါ်တွင် ကင်းစောင့်ရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကနီမြို့ပေါ်တွင် ကင်းစောင့်ရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့ပေါ်တွင် ကင်းစောင့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ယနေ့မတ်လ ၃၀ ရက် နေ့လည် ၁၁ နာရီခန့်က ကနီမြို့ပေါ်မှ အင်အား ၃၀ ခန့်ဖြင့်ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲများကို တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကနီမြို့ပေါ်မှ အင်အား ၅၀ ခန့် ဖြင့် တပ်ကူထွက်လာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG တပ်မဟာ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ DRPA အဖွဲ့နှင့် နယ်မြေခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလွဲအိုကျေးရွာအတွင်း ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းကို ယနေ့ မတ် ၃၀ ရက်နေ့ ညနေပိုင်းတွင် Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike Team က သတင်းထုတ်ပြန်သည်။

“ဒီနေ့ ညနေ Misstion လုပ်ထားတယ် ။ Mission အခက်အခဲ မရှိပါဘူးဗျ။ ထိခိုက် စုံစမ်းတုန်းဗျ ” ဟု Myingyan District Drone Strike Team မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ၎င်းက ဆက်လက်ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article