28 C
Yangon

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေညာ

Must read

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေညာ

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အကြား စစ် ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွား လာ ခြင်း မပြုရန် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ကျော်သက်က အရေးပေါ် ကြေညာချက် ထုတ် ပြန်သည်။

“ယနေ့ ( ၂၅၊၃၊၂၀၂၃ ) ရက်နေ့မှ စ၍ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် မှ မြဝတီ မြို့နယ်အတွင်း စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူ လူထုအနေဖြင့် အဆိုပါ ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်း နှင့်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝ( လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်” ဟု ကျားဖြူ စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်က အရေး ပေါ် ကြေညာချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article