ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
ရန်ကုန်၊ မတ် ၁၇
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်မြေ အဖွဲ့က ယနေ့ မတ်လ ၁၇ ရက်နေ့တွင် အမဲသား အာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်၊ ငါးခြောက်ကြက်သွန်ရေ ခရမ်းချဉ်သီးသုပ်နှင့် မုန့်လင်မယားတို့ကို ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။


