ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေးနှင့် MOGE ကို ပိတ်ဆို့အရေးယူရေး
ရန်ကုန်၊ မတ် ၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာ ပေါင်း စုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၄ ရက်နေ့တွင် စစ်တပ်အတွက် ဝင်ငွေ ရှာပေးနေသည့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE ) ကို ချက်ချင်း ပိတ်ဆို့ အရေးယူပေးရေးနှင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြကြောင်း သိရသည်။


