28 C
Yangon

ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲ တိုက် ခိုက်၊ မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲသံကြားရ

Must read

ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲ တိုက် ခိုက်၊ မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲသံကြားရ

ရန်ကုန်၊ မတ် ၂၅

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံးကို ယနေ့ ည ၇ နာ ရီ ၅၀ မိနစ်အချိန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Hlaing Thar Yar Region Defense. Forceက ပြောဆိုသည်။

လှိင်သာယာ(အရှေ့ပိုင်း)၊ ရွှေလင်ပန်းတံတားအဆင်းအနီးရှိ ရွေးကောက် ပွဲ ကော်မရှင် ရုံးကို ယနေ့ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ ရွေး ကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်ကို လက်မခံ ကြောင်း၊ ရန်ကုန်မြိုပြ ပြောက် ကျား UG ရဲဘော်များကို စစ်တပ်က မတရား ဖမ်းဆီးမှုများကို တုံပြန်ခြင်း အစသာဖြစ်ကြောင်း၊ ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများဖြင့် အကြမ်းဖက် စစ်တပ်ကို ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဗုံးပေါက်ကွဲသံက အင်းစိန်ဘက်ကတောင် ကြားရပါတယ်။ အတော်ကို ကျယ် ကျယ် လောင်လောင်ကြားရတာပါ” ဟု အောင်ဇေယျာအိမ်ရာတွင် နေထိုင်သူ ပြည်သူ တစ်ဦးက ပြောဆိုသည်။

Hlaing Thar Yar Region Defense. Force က ပြည်သူများအနေဖြင့် လှိုင်သာ ယာမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ပတ်သက်သော နေရာများ၊ ရုံးများ အနီး ဝန်းကျင် သို့ မသွား ရောက်ကြရန် သတိပေးထားသည်။

အလားတူ ယနေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် မြောက်ဒဂုံမြို့နယ် အတွင်း တွင် လည်း ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူတချို့နှင့် ရန်ကုန်ကင်းထောက်အဖွဲ့ Eagles News က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လှိုင်သာယာမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article