26 C
Yangon

ကနီမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြော

Must read

ကနီမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြော

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟော ပြောပွဲကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ အများအပြား တက်ရောက်ခဲ့သည်။

ကလေးသူငယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ CRSH လွှတ်တော်၊ ကနီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုများမှ ကလေးသူငယ်အခွင့် အရေး ကျွမ်းကျင်သူများက ကလေးသူငယ်များ၏ အခွင့်အရေး အကြောင်း အသီးသီးဟောပြောခဲ့သည်။

ကလေးသူငယ် အခွင့်အရေး မိဘ ဆရာ ဝန်းရံပေး ၊ ဖက်ဒရယ် ပညာရေး ရရှိရေး ဒို့အရေး ကြွေးကြော်သံများကြွေးကြော်၍ ကလေးသူငယ်များမှ မြန်မာ့ယဥ်ကျေးမှု့ အကများဖြင့် ကပြ ခဲ့ပြီး တော်လှန်လူငယ် တေးဂီတအဖွဲ့ တော်လှန်တေးသီချင်း များ တီးခတ်စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။

အခမ်းအနားတွင် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ခေတ်အ ဆက်ဆက် နှင့် မြန်မာ့နွေဦးတော်လှန်ရေး ကာလတလျှောက် ကြွေလွင်ခဲ့သော အာဇာနည်သူရဲကောင်းများအား ဦးညွှတ်အလေးပြု ခြင်း များပြုလုပ်၍ သွေးသစ္စာသီချင်းကိုသီဆို၍အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

Exif_JPEG_420
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article