36 C
Yangon

ကနီမြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ပေါက်မြို့နယ် ဒီးတုတ် ကွင်းရွာစစ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ကနီမြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ပေါက်မြို့နယ် ဒီးတုတ် ကွင်းရွာစစ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

■ ရေစကြိုတွင် စစ်တပ်အထိုင်နေရာကို ဒရုန်းဖြင့် ဗုံးကျဲမှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နှင့် အလယ်ကျွန်း(ပျူစောထီး)ရွ ာအကြားတွင် ရိက္ခာပို့ လာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၁၈ ရက် နံနက် ၈ နာရီခန့်က ကနီမြို့မှ အင်အား ၇၀ ခန့်ဖြင့် အလယ် ကျွန်း(ပျူစောထီး) ရွာသို့ ရိက္ခာပို့ရန် ထွက်ခွာလာသော စစ်ကြောင်းကို ပြည် သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ ရာ မိနစ် ၃၀ ခန့်ကြာသည်အထိ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၃ ဦး ထက် မနည်းထိ ခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့၊ တပ်ရင်း ၁ ၊ တပ် ရင်း ၂ ၊ DRPA ၊ ဒေါင်း မျိုးဆက်အဖွဲ့နှင့် ဒေသပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မကွေး တိုင်း၊ ပေါက် မြို့ နယ်၊ ဒီးဒုတ်ကွင်း စစ်တပ်နှင့်ပျူစောထီးရွာ စစ်စခန်းကို လက်လုပ် ၆၀ မမ များ၊ ရော့ကတ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ နာရီ ခန့်ကြာမြင့်ခဲ့ ကြောင်း၊ ပျူစောထီးရွာအတွင်းသို့ ပစ်မှတ်ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေ အနေ မသိရသေးကြောင်း မကွေးခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

ဒီးဒုတ်ကွင်းကျေးရွာတွင် စစ်သားများ အထိုင်ချ တပ်စွဲထားပြီး ကျေးရွာမှ ပျူစောထီးများက ရိက္ခာထောက်ပံ့ခြင်း၊ အနီးအနားကျေးရွာများသို့ စစ်ကြောင်း ထိုးဝင်ရောက်ရာတွင် ပါဝင်ကူညီခြင်း ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် ရာတွင် အကြမ်းဖက်စစ်သားအတူ ပူးပေါင်းပါဝင်နေသဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ တောင် တွင်း ကြီးတပ်ခွဲ၊ ပေါက်တပ်ရင်း ၄ ၊ King Fighter Special Guerilla Force ၊ ပေါက် Zone 5 PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ မတ်လ ၁၇ ရက်နေ့ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အထိုင်ချထား သော ခလရ ၂၅၆ တပ်ရင်းနှင့် ခလရ ၂၅၈ တပ်ရင်းတို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ) နှင့် မဟာမိတ်များပူးပေါင်းပြီး ဝေဟင်မှ ပြင်းအားမြင့် ဒရုန်းဗုံး ၈ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိကြောင်း ရေစကြို ပ.က.ဖ က ပြောသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြို​မြို့နယ် ( ပ.က.ဖ) နှင့်မဟာမိတ်များဖြစ်ကြသော၊Urban Underground Revolution Force – YSO(UURF) မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း27Revolution Force၊Myingyan District Drone Strike ၊မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO တို့ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျောက်လုံးကြီး KLG တပ်မဟာမှ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article