35 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ် အတွင်းရှိ အောက်တဲကျေးရွာနှင့် ပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာ (တည်ပင်) ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးနေ​ခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းသည် ကိုးတောင်ဘို့ အထိုင် ခြေလျင်တပ်ရင်း – ၁၃၇ (ပူတာအိုခရိုင်၊ မချမ်းဘော့) ဖြစ်ပြီး အင်အား ၆၀ ခန့်ရှိကာ ဝက်သအင်းရွာမှ တစ်ဆင့် အောက်တဲရွာအား ဝင်ရောက်စီးနင်းမီးရှို့နေခြင်းဖြစ်ကြောင်း၊ ပင့်သာ (တည်ပင်) ရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းသည် အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများ ပါဝင်သည့် အင်အား ၁၅၀ ခန့်ရှိသော စစ်​ကြောင်းဖြစ်ကာ မတ်လ ၃ ရက်နေ့ ညနေပိုင်းက ကျွန်းလှမြို့ပေါ်မှ တစ်ဆင့် မြို့မြောက်ဘက် ပေကုန်းရွာ၌ အင်အား စုစည်းပြီး ချောင်းကြားရွာ၌ ညအိပ် စခန်းချ၍ ယနေ့နံနက်ပိုင်းတွင် ပင့်သာ (တည်ပင်) ရွာအား ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” ရွာထဲက အခြေအနေမသိရသေးဘူး။ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ခွေးတွေက မီးရှို့နေတာ ပြည်သူတွေ ထိခိုက်တာ ဖမ်းဆီးခံရတာတော့ မကြားရသေးဘူး။ တိုက်ပွဲကတော့ မရှိပါဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသဘည်။

အောက်တဲရွာသည် ၂၀၂၂ ခုနှစ် ဇွန်နှင့် အောက်တိုဘာလတို့တွင် ၂ ကြိမ် မီးရှို့ ဖျက်ဆီးခံရသည့် ကျေးရွာ ဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ပင့်သာရွာသည်လည်း ၂၀၂၂ ခုနှစ် သြဂုတ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ တို့တွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၉ လုံး မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article