30 C
Yangon

ကန့်ဘလူ၊ အလယ်ခုံရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

Must read

ကန့်ဘလူ၊ အလယ်ခုံရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံ ကျေးရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပစ်သတ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့တွင် အလယ်ခုံကျေးရွာ၌ ညအိပ် ရပ်နားနေသည့် ကိုးတောင်ဘို့ အထိုင် ခြေလျင်တပ်ရင်း (ခလရ) ၁၃၇ မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျေးရွာအတွင်းမှ စစ်ကြောင်းထိုး ထွက်ခွာခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာလာစဥ် အလယ်ခုံရွာသား အသက် ၂၂ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးနှင့်တွေ့ဆုံကာ စစ်သားများက ဖမ်းဆီးပြီး ဦးခေါင်းတစ်ခြမ်းပွင့်သည့်အထိ ပစ်သတ်သွားကြောင်း၊ ထို့ပြင်အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

” အသတ်ခံရတဲ့သူက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်ခွေးတွေရဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုရန်က တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေပါ တောတွင်းမှာရှိ စစ်ဘေးရှောင် တဲတိုက်မှာ တိမ်းရှောင်နေတုန်း စစ်ကြောင်းနှင့် တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာပါ။ ရွာတော့ မဖျက်ဆီးသွားဘူး။ မီးမရှို့သွားပေမယ့် ကျန်တာတော့ ထုံးစံပါပဲ အကုန်ရှာဖွေယူသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ချပ်သင်း တိုက်နယ်တွင်လည်း မတ်လ ၂၉ ရက်နေ့ကလည်း ချပ်သင်းအထိုင်စခန်းမှ စစ်သားများနှင့် ပျူစောထီးတပ်ဖွဲ့များက ချပ်သင်းတိုက်နယ်၊ ပုဏ္ဏားငယ်ကျေးရွာကို အကြမ်းဖက် ပစ်ခတ်စီးနင်းပြီး ပြည်သူပိုင်နေအိမ် ၉ လုံး၊ လက်တွန်းထွန်စက် ၁ စီး၊ ထော်လာဂျီ ၁ စီးနှင့် စပါးကျီ ၃ ခုတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article