30 C
Yangon

ကယားပြည်နယ် ရှေ့တန်း တိုက်ပွဲများ၌ ကရင်နီရဲဘော်များ ဝတ်ဆင်ခဲ့သော ယူနီဖောင်း အစ များ မြုပ်နှံချုပ်လုပ်ထားသည့် Hoodie အင်္ကျီများ ရောင်းချမည်၊ ပြည်သူများ ဝယ်ယူအားပေးကြရန် ဖိတ်ခေါ်

Must read

ကယားပြည်နယ် ရှေ့တန်း တိုက်ပွဲများ၌ ကရင်နီရဲဘော်များ ဝတ်ဆင်ခဲ့သော ယူနီဖောင်း အစ များ မြုပ်နှံချုပ်လုပ်ထားသည့် Hoodie အင်္ကျီများ ရောင်းချမည်၊ ပြည်သူများ ဝယ်ယူအားပေးကြရန် ဖိတ်ခေါ်

ရန်ကုန်၊ မတ် ၁၄

ကယားပြည်နယ် ရှေ့တန်း တိုက်ပွဲများ၌ ကရင်နီရဲဘော်များ ဝတ်ဆင်ခဲ့သော ယူနီဖောင်း အစများ မြုပ်နှံချုပ်လုပ်ထားသည့် Hoodie အင်္ကျီများ ရောင်းချသွားမည် ဖြစ်ကြောင်း လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် လွိုင်ကော် PDF ၏ fund raising အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ ရှေ့တန်း၌ တိုက်ပွဲဝင်နေကြသည့် လွိုင်ကော် PDF ရဲဘော်တွေ၏ ဟောင်းနွမ်း သွားသည့် ယူနီဖောင်း အပိုင်းအစများကို ဖြတ်ညှပ်ကပ် ပြုလုပ်ပြီး Hoodie အင်္ကျီ၏ ရင်ဘတ်တည့်တည့်တွင် ချုပ်လုပ် မြုပ်နှံထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Hoodie အင်္ကျီ၏ ယူနီဖောင်းပိုင်ရှင် ရဲဘော် နာမည်နှင့် theme color ကိုလည်း အသုံးပြုထားကြောင်း၊ လက်ရှိချိန်တွင် ရဲဘော် ၄ ဦး၏ ယူနီဖောင်း အပိုင်းအစများ မြုပ်နှံထားသည့် အင်္ကျီ ဒီဇိုင်း ၄ မျိုး ကနဦး ထွက်ရှိထား​ကြောင်း သိရသည်။

အဆိုပါ Project ကို “ချပ်ဝတ်နီ” ဟု အမည်ပေးထားပြီး ကရင်နီ ရဲဘော်များ၏ ချပ်ဝတ် တန်ဆာ ကဲ့သို့ ဝတ်ဆင်ကြသည့် အင်္ကျီများသည် ပြည်သူများကိုပါ ကျည်ကာသဖွယ် ကာကွယ်ပေးနေတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း၊ ထို Hoodie အင်္ကျီများကို မကြာခင် Pre-order တင်လို့ရမည်ဖြစ်ပြီး စျေးနှုန်းကိုလည်း မကြာခင် ကြေညာသွားမည် ဖြစ်ကာ အင်္ကျီ အရောင် ၄ မျိုး ထွက်ရှိမည်ဖြစ်ကြောင်း၊ ဒီဇိုင်း အရောင် ၁ မျိုးလျှင် အထည် အရေအတွက် စုစုပေါင်း ၁၅၀ သာ ထုတ်လုပ်မည့် limited product ဖြစ်ကြောင်း ချပ်ဝတ်နီ ရံပုံငွေရှာဖွေရေး ဌာန ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article