35 C
Yangon

ကရင်နီပြည်နယ်တွင် ခလရ ၁၃၅ ရှေ့တန်းစခန်းကို သိမ်းပိုက်ပြီးနောက် စစ် သား အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ကရင်နီပြည်နယ်တွင် ခလရ ၁၃၅ ရှေ့တန်းစခန်းကို သိမ်းပိုက်ပြီးနောက် စစ် သား အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

■ ဖယ်ခုံမြို့နယ် ၈ ရက်တာတိုက်ပွဲတွင်း စစ်တပ်ဘက်မှ ၄၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မတ် ၁၇

ကရင်နီပြည်နယ်၊ သံလွင်အရှေ့ခြမ်းတွင် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ပြီးနောက် စစ်သားအလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီပြည် သံလွင် အရှေ့ ခြမ်း ရှိ ခလရ ၁၃၅ ရှေ့တန်းတပ်စခန်းတစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က ဝင် ရောက် သိမ်း ဆည်းနိုင်ခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း ခလရ ၁၃၅ တပ်မှ စစ်သား အလောင်း ၃ လောင်း သိမ်းဆည်းရမိပြီး လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်း များ၊ ဆက်သွယ်ရေးစက်ကြီးတစ် လုံး သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျန် စစ် သားတချို့ ထွကတ်ပြေးသွားကြကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာအုပ်စုအနီးတွင် ကရင် နီ တပ်ပေါင်းစုနှင့် ဖယ်ခုံဘက်သို့ စစ် ကြောင်း ထိုးလာသော စစ်ကောင်စီ တပ် များနှင့် ၈ ရက်တာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၅ ဦးသေဆုံး ကြောင်း ကရင်နီတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

မတ်လ ၈ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၁၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ဖယ်ခုံPDF1002 တပ်ရင်းနှင့်အတူ KNDF BO11၊ KA ၊ DMO LOCAL PDF ၊ ဖယ်ခုံ PDF 1006 တပ်ရင်း၊PDF မိုးဗြဲ 1001 ၊ SSLRU၊ 1008 ၊ 1004 ၊ KRU ၊ 1005 စသည့် မဟာမိတ်တပ်ပေါင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖယ်ခုံ ၈ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိ အပါအဝင် စစ်သား ၄၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိကြောင်း၊ ဖယ်ခုံ PDF နှင့် မဟာ မိတ်တပ်ဖွဲ့များဘက်မှ ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article