31 C
Yangon

ကရင်ပြည်နယ် နေရာအများအပြားတွင် တိုက်ပွဲများ ဖြစ်နေသဖြင့် မြ၀တီ-မဲဆောက် အမှတ် ၁ တံတား ပိတ်ပြီး တရားမဝင် ကူးလမ်း၊ ကုန်သွယ်ရေး လမ်းကြောင်းများအားလုံးပိတ်

Must read

ကရင်ပြည်နယ် နေရာအများအပြားတွင် တိုက်ပွဲများ ဖြစ်နေသဖြင့် မြ၀တီ-မဲဆောက် အမှတ် ၁ တံတား ပိတ်ပြီး တရားမဝင် ကူးလမ်း၊ ကုန်သွယ်ရေး လမ်းကြောင်းများအားလုံးပိတ်

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မြ၀တီမြို့နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မြ၀တီ- မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတား ပိတ်သိမ်းသွားပြီး တရားမဝင် ကူးလမ်း၊ ကုန်သွယ်ရေး လမ်းကြောင်းများ အားလုံးပါ ပိတ်သွားကြောင်း သိရှိရသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ်မြိုု့နယ်၊ မြ၀တီမြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကာ စစ်တပ်က လက်နက်ကြီးများ၊ လေယာဉ်ပစ်ကူများဖြင့် တိုက်ခိုက်နေကြောင်း၊ မြေပြင်တွင်မူ ပြည်သူ့ကာကွယ် ရေး မဟာမိတ် ပူးပေါင်း တပ်များက တိုက်ခိုက်နေကြောင်း ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှလည်း အထိအခိုက်များ ရှိနေကြောင်း သိရှိရသည်။

“မဲဆောက်-မြ၀တီ အမှတ် ၁ ချစ်ကြည်ရေးတံတား ပိတ်သွားပြီ။ အာရှလမ်းမ ကြီး လည်း ပိတ်သွားပြီ။ တရားမဝင် အောက်လမ်းက ကူးတာတွေ၊ ကုန်သွယ် တာတွေလည်း အခု ရပ်သွားပြီ။ ဒီနေ့ တိုက်ပွဲ ရက်ရှည် ဖြစ်မယ့်သဘောမြင် ရတယ်။ မဲဆောက်ဘက်ကို တံတားပေါ်က ကူးတဲ့လူတွေတော့ ဘယ်ရက် ပြန်ဖွင့် မယ်မှန်းမသိရင်တော့ ပိတ်မိကုန်မယ်ထင်တယ်။ ကုန်သွယ်ရေး လမ်း ကြောင်း ကတော့ လမ်းမှာ မိုင်းတွေ ခွဲထားတော့ ရက်ပိုင်းတော့ ရပ်နေဦး မယ် လို့ တွက်ဆရတယ်” ဟု မြ၀တီ-မဲဆောက် ကုန်သွယ်ရေး လုပ်သူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြ၀တီမြို့ခံများကလည်း မြို့တွင်းအထိ တိုက်ပွဲများ ကူးစက် လာပါက စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article