28 C
Yangon

ကျိုက်ထိုတွင် စစ်တပ်ဘက်တော်သား ကျွဲကောခြံပိုင်ရှင် စိုးသန်းနှင့် အလုပ်သမား စိုးလင်းဦးတို့ စစ်တပ် ထောင် ထားသော မိုင်းမိ၍ သေဆုံး

Must read

ကျိုက်ထိုတွင် စစ်တပ်ဘက်တော်သား ကျွဲကောခြံပိုင်ရှင် စိုးသန်းနှင့် အလုပ်သမား စိုးလင်းဦးတို့ စစ်တပ် ထောင် ထားသော မိုင်းမိ၍ သေဆုံး

ရန်ကုန်၊ မတ် ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ခိုင်ရွှေစိမ်းကျွဲကောခြံအတွင်း စစ်တပ်ကို ခိုလှုံခွင့် ပေးထားသည့် ခြံပိုင်ရှင် တရုတ်စိုးသန်းနှင့်အလုပ်သမားတို့သည် စစ်တပ်က ထောင်ထားသော မိုင်းမိကာ သေဆုံးသွားကြောင်း Kyaikhto Information Team မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ ညပိုင်း ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် အသက် ၇၂ နှစ်အရွယ် တရုတ်စိုးသန်း နှင့် ခြံအလုပ်သမား စိုးလင်းဦးတို့သည် ခြံအနီးတဝိုက်တွင် စစ်တပ်ထောင်ထားခဲ့သော မိုင်းများကို နင်းမိပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သေတာကတော့ ညကတည်းက သေတာဖြစ်လိမ့်မယ်၊ ကျနော်တို့လည်း သူတို့လော်ဘီတွေကနေ PDF တွေထေင်ထားတဲ့မိုင်းမိသေတယ်ဆိုပြီး တင်မှသိရတာ၊ တကယ်စုံစမ်းကြည့်လိုက်တော့ စစ်တပ်က PDF တွေရန်ကြောက်ပြီး လမ်းကြောင်းတွေမှာ မြေမြှုပ်မိုင်းတွေထောင်ထားကို မဖြူတ်ဘဲထားခဲ့ရာက မိုင်းမိသေ တာလို့ နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရတာ” ဟု Kyaikhto Information Team မှတာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းထိ၍ သေဆုံးသူ ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် တရုတ်စိုးသန်းသည် ၎င်းပိုင်ခြံအတွင်းတွင် အကြမ်း ဖက်စစ်သားများကို လက်ခံကာ အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံလေ့ရှိကြောင်း၊ အကြမ်းဖက် စစ်သားများကလည်း ၎င်း၏ ခြံအတွင်းဝင်လိုက်၊ ထွက်လိုက်နှင့် သောက်စားပျော်ပါးလေ့ရှိကြောင်း၊ ထိုသို့လာရောက်စားသောက်ပါးသည့်အခါတိုင်း တိုက်ခိုက်မည်ကြောက်ရွံ့ သဖြင့် မြေမြှုပ်မိုင်းထောင်ထားလေ့ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article