37 C
Yangon

ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ- ကရင် အမျိုးသား အစည်းအရုံး ဗဟိုထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် မဲရုံးလေးကျေးရွာကို ကျိုက်ထိုမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ အမှတ် ၂ ခြေလျင်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော​ကြောင့် ကျေးရွာအနီးအနားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွှေလုပ်သား ၃ ဦး ထိမှန်ကာ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၂၂ နှစ်အရွယ် မောင်သာချောင် (ခ) မောင်ဇော်ထက်အောင် (ဝမ်းဗိုက်ထိမှန်) ဆေးရုံတွင် သေဆုံး၊ အသက် ၂၄ နှစ်အရွယ်ရှိ စောနောင်ဦး (ဦးခေါင်းထိမှန်) နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်ကလည်း မဲရုံးလေးကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့ပြီး ဥယျာဥ်ခြံစောင့်နေသည့် အသက် ၄၆ နှစ်အရွယ် ဦးကျော်မင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ-၂၀၇ ၊ ခလရ-၂ ၊ ခမရ-၂ ၊ အမတ-၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှု နယ်မြေ အတွင်းရှိ ကျေးရွာ ၇ ရွာကို လက်နက်ကြီးများ ဖြင့် မကြာခဏပစ်ခတ် နေသောကြောင့် ကျေးရွာနေ ပြည်သူ ၃၈၀၀ ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article