34 C
Yangon

ကျုံဒိုးမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိ

Must read

ကျုံဒိုးမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိ

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များဖြင့် ကျုံဒိုးမြို့အတွင်းသို့ ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ် တပ်များ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူများနေထိုင်သော နေအိမ်နှင့်ရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေကြောင်း၊ ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးဆုံးရှုံးကြောင်း သိရှိရသည်။

“ဒီနေ့မနက် ကျုံဒိုးမြို့တွင်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်၊လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့တွင်းသို့ ရည်ရွယ် ချက်ရှိရှိပစ်ခတ်ခဲ့တယ်။ လက်ရှိ အမှတ် ၄ ရပ်ကွက် တောင်ကရင်စုမှ အိမ်များပျက်စီးတယ်။ အခုလက်ရှိပစ်နေတုန်းပဲ။ ပြည်သူ ၁ ဦးသေတယ်။ သေတဲ့ပြည်သူက အမှတ် ၃ ရပ်ကွက်က စောငယ်ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article