28 C
Yangon

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော်ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော်ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာနှင့် ဆင်ဆိပ်ရွာ အပါအဝင် ကျေးရွာ ၁၅ ရွာကို ဝင်ရောက် စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

” မုန်းမြို့နယ်ထဲကို စစ်ခွေးတွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာ ကျေးရွာ ၁၅ ရွာက ပြည်သူ တစ်သိန်းလောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ ညောင်ပင်သာရွာ တစ်ရွာတည်းမှာ အိမ်ခြေပေါင်း ၁၂၀၀ ကေျာ်နဲ့ လူဦးရေ ၅ထောင်လောက်ရှိတယ်။ ထိတွေ့ တိုက်ပွဲ ဖြစ်တာတွေလည်းရှိတယ်။ ညောင်ပင်သာရွာနားမှာ တိုက်ပွဲဖြစ်ပြီး နေအိမ် တွေ မီးလောင်ထားတယ်။ ၄ လုံးလောက်ရှိမယ်။ အရေအတွက် အတိအကျတော့ မသိနိုင်သေးဘူး။ စစ်ခွေးတွေက ကျေးရွာ စာသင်ကျောင်းနားမှာ တပ်စွဲထားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ညောင်ပင်ကျေးရွာ အထက ကျောင်းနှင့် ကျောင်းအနီးအနားရှိ နေအိမ်များ၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article