27 C
Yangon

ကြို့ပင်ကောက်တွင် ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ ပေါင်တွင် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက်တွင် ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ ပေါင်တွင် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ၌ ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်ရာ ၃ ဦးသေဆုံးကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာ၌ ကင်းစောင့်နေသော ပျူစောထီးများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ရုံးချောင်းရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အေးထွန်းနှင့် ပျူစောထီး အဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” ည ၉ နာရီလောက် အုပ်ကြီးအိမ်မှာ ကင်းစောင့်ဖို့ လူစုနေတဲ့ အချိန် ဝင်ပစ်တာ အရင်ကလည်း အဲအုပ်ကြီးက အပစ်ခံထားရသေးတယ် မသေဘူးတာ အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ပေါင်းပြီး ဒေသခံတွေကို ဆက်ကြေးကောက်တယ်။ ညဘက်ဆို သေနတ်နဲ့ တောင်ပစ်မြောက်ပစ်လုပ်တယ်စစ်ကောင်စီကိုဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေလုပ်ပါတယ်လောင်းကစားဝိုင်းတွေလည်း သူတို့ကလုံခြုံရေးယူပေးပြီးလုပ်နေတာ” ဟု သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် နတ်စစ်သည် တပ်ရင်းအမှတ်(၃၈၀၁)တပ်ခွဲ၂ Black Dragon(GBK pdf)၊ တပ်ရင်းအမှတ် (၃၈၀၁) တပ်ခွဲ ၅ဟီးရိုးပျောက်ကြားနှင့် Yoma (GBK pdf) တပ်ပေါင်းစု မဟာမိတ်အဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်စိုးမိုး (ခ) စတီးရိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် ပေါင်မြို့၊ မော်လမြိုင် – ရန်ကုန် အဝေးပြေးလမ်းမကြီးအတိုင်း ဖလပ်ကျေးရွာသို့ ပြန်လာသည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်စိုးမိုး (ခ) စတီးရိုး တို့ကို အမည်မသိ သေနတ် သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

Photo – ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းရွာ အုပ်ချုပ်ရေးမှူး အေးထွန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article