32.1 C
Yangon

ခင်ဦးတွင် စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ခင်ဦးတွင် စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ် ကြောင်း ထိုးဝင်ရောက်နေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၉၀၀၀ ကျော်ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်အချိန် ခင်ဦးမြို့နယ် အနောက်ခြမ်း၊ အင်းပတ်ကွေ့ ဈေးတန်းတွင် အထိုင်ချထားသော စစ်ကြောင်းနှင့် ရွာသစ်ကုန်းကျေးရွာမှ ပျူစောထီးများပူးပေါင်း အင် အား ၅၀ ကျော်က အောင်ချမ်းသာ(ခ) ချမ်းသာ ကုန်းကျေးရွာအနောက်ဘက် တောလမ်းမှတ ဆင့် ညောင်ပင်ကြီး၊ ဆည်ကြီးဘက်သို့ စစ် ကြောင်း ထိုးဝင် ရောက်ခဲ့ရာ တစ်မိုင်လည်အနီးကျေးရွာ ၈ ရွာမှ ပြည်သူ ၉၀၀၀ ကျော်မှာ ထွက် ပြေးတိမ်းရှောင်နေ ရကြောင်း သိရသည်။

“လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီးဝင်လာတာ၊ ထိခိုက်ဒဏ်ရာရတာတွေတော့ မသိရသေးဘူး၊ ရွာတွေက ကပ်နေတာ၊ တစ်ရွာနဲ့တစ်ရွာက တစ်မိုင်ပတ်ချာလည်မှာ ပဲရှိတာ၊ ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ် ရေးကြေညာပြီး ဖေဖော်ဝါရီလ နောက်ပိုင်း ရွာသစ်ကုန်းရွာကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ အင်းပတ်ရွာက အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရသေးတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကြောင်းက ရိက္ခာလိုအပ်လာသည့်အခါအတိုင်း အနီးအနားကျေးရွာ များကို ယခုကဲ့သို့ စစ်ကြောင်းထိုးကာ နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ ကျွဲ၊ နွား၊ ဝက်များကို ဖမ်းဆီးယူဆောင်ခြင်းတို့ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article