28 C
Yangon

ခင်ဦးတွင် စစ်တပ် ရှေ့ပြေးကင်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ခင်ဦးတွင် စစ်တပ် ရှေ့ပြေးကင်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာထိပ်တွင် အကြမ်းဖက် စစ်တပ် ရှေ့ပြေးကင်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့တွင် နံနက် ၇ နာရီခန့်တွင် အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချထားသော စစ်သားများနှင့် ရွာသစ်ကုန်း ပျူစောထီး ၄၀ ခန့်သည် ညောင်ပင်ခြံကျေးရွာ နှင့် ဆည်ကြီးကျေးရွာတို့ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့​ပြီး ပြည်သူပိုင် ပစ္စည်း များကို ခိုးယူဆောင်ခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီ ၄ မိနစ်ခန့်တွင် ယင်းစစ်ကြောင်း၏ ရှေ့ပြေးကင်း အဖွဲ့သည် DY-1 မူးဘောင် အရှေ့ဘက်နှင့် အနောက်ဘက် မီတာ-၂၀၀ အကွာ ချမ်းသာကုန်းကျေးရွာ ထိပ်ကို ရောက်ရှိလာစဥ် KSOတပ်ဖွဲ့၊ မြို့နယ်ပကဖ၊ မြို့နယ်တပ်ရင်းနှင့် အခြားသော မဟာမိတ် LDF များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေး စစ်ကြောင်းက ရှေ့ပြေးကင်းတက်လာတဲ့ စစ်ခွေး ၄ကောင်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့တယ်။ စစ်ခွေး ၂ ကောင် ပွဲချင်းပြီး သေဆုံးတယ်။ နောက်မှာ ကျန်ခဲ့တဲ့ စစ်ခွေးတွေက ၄၀ မမ များ၊ လက်နက်ငယ်တွေ ရမ်းပစ်တာတွေရှိတယ်။ နောက်ပြီး ရေဦးမြို့ တိုင်းရင်းဆေးရုံက စစ်ခွေးတွေက ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူတာတွေရှိပေမယ့် ကျွန်တော်တို့ရဲဘော်တွေ အထိအခိုက်လုံးဝမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု KhinU Specialforce Organization_KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက် စစ်တပ်က ညောင်ပင်ခြံနှင့် ဆည်ကြီးကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူသွားကြောင်း၊ ချမ်းသာကုန်းကျေးရွာမှ တောတဲ ၁ လုံးနှင့် ကောက်ရိုးပုံ ၃ ပုံကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ စစ်သားများ ကျေးရွာအတွင်း ပစ်ခတ်ခဲ့သော ၄၀ မမ အခွံ ၈ ခုနှင့် မပေါက်ကွဲသေးသော ၄၀ မမ ၁ လုံး နှင့် ၆၀ မမ ပို့ယမ်းအိတ်ငယ်-၃ ခု နှင့် ကျည်ခွံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article