28 C
Yangon

ခင်ဦးနှင့် မြင်းမူတွင် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး

Must read

ခင်ဦးနှင့် မြင်းမူတွင် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊မတ် ၁

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးကြောင်း ခင်ဦး M.R.D.A တပ်ခွဲ S.S.T.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၄ မိနစ်ခန့်တွင် ရွာသစ်ကုန်းမှ ထွက်ခွာလာသော အင်အား ၅၀ခန့်ပါ စစ်တပ် စစ်ကြောင်းကို ယာတော်ကျေးရွာနှင့် သရက်ပင်စုကျေးရွာ အကြားတွင် ခင်ဦး M.R.D.A တပ်ခွဲ Spring Special Task Force ( S.S.T.F) မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်တပ် စစ်ကြောင်းကို သရက်ပင်စုကျေးရွာနှင့် ယာတော်ကျေးရွာ အကြားတွင် ၃ နေရာ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

” တိုက်ခိုက်မှု ၂ ရက် ဆက်တိုက်အတွင်း စစ်ခွေး ၁၇ ကောင် သေတယ်။ အများပြား ထိခိုက်ဒဏ်ရာရရှိတယ်။ ရေဦး တိုင်းရင်းဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ခွေးတွေက ၁၂၀ မမတွေနဲ့ ပစ်ကူပေးတာရှိပေမယ့် ပြည်သူ့ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ခင်ဦးမြို့နယ် မြန်မာ့တော်ဝင်နဂါးတပ်တော် Spring Special Task Force ( S.S.T.F) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T. G. R. ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်မှ RPG များ၊ ၄၀ မမ များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ဇာမဏီ တပ်ဖွဲ့ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် T. G. R. ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် မဟာမိတ် အဖွဲ့များဖြစ်သော Nway Oo Takhon PDF Zamani Revolution Force (MMU) Myaung၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း၊ တိုက်ပွဲအတွင်း ကာကွယ်ရေး တပ်ဖွဲ့များ ဘက်မှ မောင်းပြန် သေနတ် ၁ လက်၊ ဒရုန်း ၁ စီး၊ ဆိုင်ကယ် ၄ စီး၊ ကား ၂ စီး ဆုံးရှုံးခဲ့ပြီး စစ်သားများက ပြည်သူပိုင် နေအိမ် ၆၄ လုံးကို မီးရှို့ ဖျက်ဆီး သွားကြောင်းသိရသည်။

photo – မြင်းမူတွင် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား အလောင်းများကို မီးရှို့ ဖျောက်ဖျက်သွားပြီး သွေးစွန်းနေသည့် အဝတ်အစားများပါ တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article