28 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် ဆန်၊ အခြေခံဆေးဝါးနှင့် ငွေကြေးများ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့ လှူဒါန်း

Must read

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် ဆန်၊ အခြေခံဆေးဝါးနှင့် ငွေကြေးများ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့ လှူဒါန်း

ရန်ကုန်၊ မတ် ၇

ခင်ဦးမြို့နယ် လောင်ရှည် ကျေးရွာ နှင့် လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် လက်ပံလှကျေးရွာ အိမ်ခြေ ၁၈၈ ၊ လောင်းရှည် ကျေးရွာ အိမ်ခြေ ၃၁၀ ပျက်စီး ဆုံးရှုံးခဲ့ပြီး မိဘပြည်သူများ၏ မတည်လှူဒါန်းကြသော အလှူငွေများ ၊ အသီးသီးထည့်ဝင်ကြသော အလှူရှင်များ ၏ စုပေါင်း အလှူငွေများဖြင့် လောင်းရှည်ကျေးရွာသို့ ဆန် ၃၅ ပိုင်း- ၂,၂၇၅,၀၀၀ ကျပ်နှင့် လိုအပ်သော အခြေခံ ဆေးဝါး ၃၀၀၀၀၀ ကျပ်၊ လက်ပံလှ ကျေးရွာသို့ ဆန်ပိုင်း ၂၆ ပိုင်း – ၁,၆၉၀,၀၀၀ ကျပ် နှင့် လိုအပ်သော အခြေခံဆေးဝါး ၃၀၀,၀၀၀ ကျပ်တို့ကို သက်ဆိုင်ရာ ကျေးရွာ ရပ်မိရပ်ဖများထံ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့ဝင် KSO မှ မတ်လ ၅ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီမှ မီးရှို့ဖျက်စီးခဲ့သည့် တဲစုကျေးရွာမှာ အိမ် ၁၈ လုံးမှ အိမ်ထောင်စု ၁၈ စုကို တစ်အိမ်ထောင်လျှင် ၅၀,၀၀၀ ကျပ် နှုန်းဖြင့် , စုစုပေါင်း ၉ သိန်းကျပ်တိတိကို ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf အဖွဲ့ဝင် Khin U Specialforce Organization_KSO မှ မတ်လ (၁) ရက်နေ့ တွင် သွားရောက် ကူညီထောက်ပံ့ လှူဒါန်းခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article