28 C
Yangon

ခင်ဦးမြို့နယ်၊ မကျီးအုပ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦးကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံး

Must read

ခင်ဦးမြို့နယ်၊ မကျီးအုပ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦးကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦးကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KURDAF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာတွင် ညအိပ်တပ်စွဲပြီး မကျီးအုပ်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦး ကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အီဂါနာ ဗုံးသီး ၂ လုံး ၊ ၅.၅၆ ကျည် ၁၂၀ ကျော် ၊ ၇၉ မမ ၃ လုံး တို့ဖြင့် ပစ်အား အသာစီးရယူကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် ခင်ဦးနယ် ဒေသကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf (KURDAF) အဖွဲ့ဝင် TIGER – Local People Defence Force Khin U မှ အသက် ၃၂ နှစ်အရွယ် ရဲဘော် နဂါးလေးနှင့် အသက် ၂၅ နှစ်အရွယ် ရဲဘော် ၇၆၀ တို့ ကျဆုံးခဲ့ကြောင်း ခင်ဦးနယ် ဒေသ ကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf မှဟတာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article