28 C
Yangon

ချင်းတောင်သို့ တက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု ၆ ဦးသေဆုံး၊ ရွှေဘိုတွင်လည်း ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

Must read

ချင်းတောင်သို့ တက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု ၆ ဦးသေဆုံး၊ ရွှေဘိုတွင်လည်း ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ကလေးမြို့မှ ချင်းတောင်သို့ တက်လာသည့် အကြမ်းဖက် စစ် တပ် ယာဥ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်း Chinland Defense Force CDM SIYIN ထံမှ သိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ချင်းတောင်သို့ တက်လာသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ပွဲချင်းပြီး ၆ ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မတ်လ ၁၁ ရက်နေ့တွင်လည်း နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ အထိ ၁၀ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု များပြားသော် လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chinland Defense Force CDM SIYIN၊ Moungtain Eagle Defence Force နှင့် CDF – KKG Battalion 7 တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း CDF CDM SIYIN က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ခြေလျင်စစ်ကြောင်းထိုးပြန်လာ သော အကြမ်းဖက်စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း Burma Rangers (ShweBo) တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓိက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၁၁ ရက် နံနက် ၉ နာရီခန့်က ရွှေဘိုမြို့နယ်အတွင်းလှည့်လည်စစ် ကြောင်းထိုးပြီး တအုံ ကျေးရွာတွင် ညအိပ်တပ်စွဲကာ ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့အတွင်းသို့ ခြေလျင်ပြန်လာသော အကြမ်း ဖက်စစ်သား ၆၀ ခန့်ကို Burma Rangers (ShweBo) တပ်ဖွဲ့မှ ပါဆယ်မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက် ခိုက် ခဲ့ရာ စစ်သား ၃ ဦးနေရာမှာပင်သေဆုံးပြီး ၆ ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က(မတ်လ ၁၀ ရက်) ၇ နာရီလောက်ကတည်းက ရွှေဘိုမြို့ကနေထွက်ပြီး ခြေလျင်စစ်ကြောင်း ထိုးနေတာ၊ မနေ့ညက တအုံကျေးရွာမှာ ညအိပ်တယ်၊ ဒီမနက် ရွှေဘိုကို ခြေလျင်ပြန်လာတာ၊ ပေလမ်း ပေါ်က မပြန်ရဲဘူး၊ ရွှေဘိုကြက် မွေးမြူရေးဇုန် နောက်ကျောလယ်ကွင်းတွေဘက်နေ ပြန်လာတာ၊ သူတို့ ပြန်မယ့်လမ်းကို ခန့်မှန်ပြီး ပါဆယ်မိုင်း ၃ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ” ဟု Burma Rangers (ShweBo) တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓိက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စက်သေနတ်များ၊ လက်နက်ငယ်များ၊ RPG များဖြင့်ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်အင်အားမမျှသဖြင့် အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ မိုင်း ဆွဲခံရပြီးသေဆုံးထိခိုက်စစ်သားများကို ရွှေဘိုမြို့မှ ၆ ဘီးကား ၂ စီးဖြင့် လာရောက်တင်ဆောင်သွား ကြောင်း သိရသည်။

ဓာတ်ပုံ – ယမန်နှစ် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ သံချပ်ကာ ၂ စီး နှင့် စစ်ကား အစီးရေ ၄၀ ကျော် ယာဉ်တန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article